အမေးမရှိ အဖြေမရှိ
Monday, December 29, 2008 Posted In Poem Edit This 0 Comments »
ဘယ်သူမှမရှိဘူးဆိုလည်း တစ်ယောက်ထည်းအတွေးတွေက လေရူးလိုတိုးဝှေ့ရင်း အတိတ်သစ်ရွက်တွေ အခန်းထဲမွကြဲနေ . . .။ ဘာမှမရတော့ဘူးဆိုလည်း....အထိတ်တလန့်ခြေသံတွေနဲ့ မရေမရာခြင်းဆီ တည့်ငေးရင်းစိတ်က တောင်တောင်မြောက်မြောက်ပြေးလွှားနေတယ်
ရောက်ချင်ရောက်စေပေါ့ကွယ် ကိုယ့်ဆီပြန်မလာခဲ့နဲ့ . . .။ဘာမှမကျန်တော့ဘူးဆိုလည်းအမြဲဆာလောင်နေတတ်တဲ့ကိုယ့်နှလုံးသားကို ဘာပေးရမှာလည်းလို့ အထပ်ထပ်မေးနေမိတယ်..။ အဖြစ်ကတစ်ခါတည်းပါ လူ ဆိုတဲ့ရုပ်ဝတ္ထုတစ်မျိုးပေါ့ . . . .။ကိုယ်မွေးဖွားခြင်းခံရတဲ့အကြောင်းအရာကိုရော အမှန်တကယ်ပျော်ရွှင်နိုင်ရဲ့လား
ကိုယ့်အနား . . . .ဘယ်သူမှမရှိတော့တဲ့အခါ ကိုယ်တောင်းဆိုသမျှ . . .ဘာမှမရနိုင်တော့တဲ့အခါ ကိုယ့်ဘက်ကပေးဆပ်စရာ . . .ဘာမကျန်တော့တဲ့အခါ ပျော်ရွှင်ခြင်းရဲ့ ဖွင့်ဆိုမှုများကို ရှင်းလင်းနားလည်နိုင်ဖို့ရာ ကျွန်တော် ဘာသာစကား မလုံလောက်နိုင်ခဲ့ပါ